status of the day (စိုးဇေယျာထွန်း)
ဘာပဲဖြစ်ဖြစ်ပါ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ပိုလေးစားမိသွားတယ်... ရန်ကုန်မြို့လယ်မှာ လူစုနဲ့ ဝိုင်းပြီး ကားကိုဝိုင်းရိုက်ကြတာ ကားမှန်ကွဲတယ်.. အဲဒီထက်နီးတဲ့ အသက် အန္ဒရာယ် ဘာရှိသေးလဲ...
ဒီပဲယင်း အရေးခင်းမှာ လူအင်အား အလုံးအရင်းနဲ့ အပျောက်ရှင်းတာ.. ကံကောင်းလို့ မသေခဲ့ဘူး... ဒါပေမယ့် ကျွန်မကို ဝိုင်းလုပ်ကြံကြပါတယ်ဆိုပြီး နောက်ဆုတ်မသွားဘူး...
လက်ပတောင်းမှာ ဆန္ဒပြတဲ့ လူအုပ်ထဲကို လမ်းလျောက်ဆင်းသွားတာ အားလုံးက သူ့ကို ဒေါသ တကြီး မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့ မျက်နှာချင်းဆိုင်ပြီး စကားပြောကြတယ်.. သူ မကြောက်ဘူး...
ဆည်တဲရွာထဲကို ဝင်တဲ့နေရာမှာ လုံခြုံရေးတွေ လိုက်လာလို့မရဘူး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူငါးယောက်ပဲ ပေးဝင်မယ်ဆိုတဲ့ အချိန်မှာ သူဝင်သွားတယ်.. ဘာရဲ ဘာလက်နက် ကိုင် တပ်ဖွဲ့မှ မပါဘူး ရွာသားတွေက ဘာမှမလုပ်ပါဘူး လို့ ဘယ်လိုပဲ ပြောပြော ကြောက် တတ်ရင်ကြောက်စရာပဲ
တစ်ချို့လူတွေဆို ယေကျာင်္းကြီးတန်မဲ့ ဆန္ဒပြခံရတာကို မသိရင်ပဲ ကားဗုံးခွဲခံရ သလို ရေးနေ ပြောနေတဲ့လူတွေရှိတော့ ကြောက်စိတ်ဆိုတာ ဘယ်နားနေမှန်း မသိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပိုလေးစားမိတာ အမှန်ပဲ..
နယူးယောက်မှာ ဦးသိန်းကို ဆန္ဒပြရင်း ကားကို ဖိနပ်နဲ့ ပေါက်ခံခဲ့ရဖူးတာပဲ။ ဂျော့ဘု အီရတ်မှာ သတင်းစာရှင်းလင်းပွဲ လုပ်နေတုန်း သင်းထောက်က ဖိနပ်နဲ့ ချွတ်ပေါက်တာ အရှောင်ကောင်း လို့သာ မမှန်သာ...
ဒီအလုပ်လုပ်နေရင်တော့ ဒီ Risk တော့ရှိမှာပဲ...
____________________________________
Posted By Admin Team[https://www.facebook.com/newsofmyanmar]
(email:newsofburma.myanmar@gmail.com)
No comments:
Post a Comment